ဒီပို ့ကတော့ linux native နဲ ့ မဟုတ်ပဲ LVM partition နဲ ့ တင်ထားတဲ့ root partition ကိုတိုး မှာဖြစ်ပါတယ်။ LVM Partition ကိုသုံးရတဲ့ အချက်ထဲမှာ ကျွနေ်တာ် ကြိုက်တာကတော့ live server ကို downtime အနည်းငယ်နဲ့ လွယ်ကူစွာ volume increase လုပ်လို့ ရတာကိုပဲဖြစ်ပါတယ်။ ကျွန်တော် တို ့ ESXi ပေါ်မှာ တင်ထားတဲ့ server ကို တိုးကြည့်ရအောင် …..
အရင်ဆုံး ကျွန်တော်တို့ server က LVM ဟုတ် မဟုတ် စစ်ကြည့်ရအောင်
fdisk -l
ဒီမှာဆိုရင် /dev/sda5 ရဲ ့ID 8e နဲ့ type နေရာမှာ Linux LVM လို ့တွေ ့ရမှာပါ။ 8e ဆိုတာကတော့ LVM ကို ကိုယ်စားပြု တဲ ့ hax code ဖြစ်ပြီးတော့ 83 ကတော့ linux native partition ကို ပြောတာပါ။ /dev/sda ကခု ဆိုရင် total 20 GB ကို လဲ အပေါ်ဆုံးမှာ တွေ ့ရမှာဖြစ်ပါတယ်။
disk ရဲ့ information ကို ထက်စစ်ကြည့်ရအောင်
df -h
ဒီမှာဆိုရင် root partition က 19G၊ logical volume name က /dev/mapper/ubuntu–vg-root ဆိုပြီးတွေ ့ရမှာပါ။
VMware ကနေပြီး increase 10 GB တိုးပေးပြီး fdisk -l နဲ ့ ပြန်စစ်ကြည့်ရအောင်
fdisk -l
/dev/sda က total 30GB ပြောင်းသွားကို တွေ ့ရမှာပါ detect မသိဘူး ဆိုရင်တော့ reboot လုပ်ပေးဖို ့လိုအပ်ပါတယ်။ df -h နဲ ့ စစ်ကြည့်ရင်တော့ root partiton က မတိုးသေးပါဘူး ဘာဖြစ်လို ့လဲ ဆိုတော့ ထက်တိုးလိုက်တဲ့ 10 GB က logical volume group ထဲကို မရောက်သေးလို ့ဖြစ်ပါတယ်။ Ok တိုးလားတဲ ့ 10 GB ကို partition table တွေ သတ်မှတ်ရအောင် ….
fdisk /dev/sda
new partition အတွက် “n”
Primary partition နဲ့ ပိုင်းမှာဆိုတော့ “p”
Primary 1 နဲ ့ 2 ကသုံး ပြီးသားဆိုတော့ ခု “3” ကို သုံးလိုက်မယ်။
First sector နဲ့ Last sector ကိုလဲ default အတိုင်းသုံး မှာဖြစ်တဲ့ အတွက် “enter” နဲ့ ပဲ ဆက်သွား လိုက်မယ်။
Partition ID ကို ပြောင်းဖို့အတွက် “t” ပြောင်းချင်တဲ့ Partition number က “3” ကို ရွေးလိုက်မယ်။
“l” လို ့ဆက်ရိုက်လိုက်ရင်တော့ partition type list ကျ လာမှာပါ အဲမှာ ကျွန်တော်တို ့သုံးမှာက linux LVM ဆို တော့ “8e” ကိုသုံးပါမယ်။
Partition table ကို save ပြီးထွက်ဖို ့အတွက် “w” ကိုသုံးလိုက်ပါမယ်။
Reboot လုပ်ဖို ့လိုတယ်လို ့ warning လာပြပါတယ် ဒါမှမဟုတ် “partprobe -s” ဆို ပြီး partition table တွေကို scan ပြန်ဖတ်လို ့ရပါတယ်။ CentOS/RHEL တို့အတွက်ဆိုရင်တော့ “partx -a /dev/sda3” လို ့သုံးလို ့ရပါတယ်။ “fdisk -l” နဲ့ ပြန်စစ်ကြည့်ရင် /dev/sda3 ကို create လုပ်ထားတာတွေ ့ရမှာပါ။
Hardware ဘက်ကနေ volume ကို တိုး ပြီးပြီးဆိုတော့ Logical Volume ကို တိုးကြည့်ရအောင်
pvcreate /dev/sda3
pvcreate လုပ်လို့ success မဖြစ်ဘူးဆိုရင်တော့ fdisk -l နဲ့ partition ရဲ့ cylinder တွေ နဲ ့ volume ဆိုဒ်တွေ ကို ပြန်စစ်ကြည့်ပါ။
vg (volume group) name ကို စစ်ကြည့်လိုက်တော့ “ubuntu-vg” ဆို တာ ကျွန်တော် တိုး မယ် group name ပါ။
vgdisplay
/dev/sda3 ကို “ubuntu-vg” ဆို တဲ့ group ထဲ ့ကို extend လုပ်လိုက်ရအောင်။
vgextend ubuntu-vg /dev/sda3
volume group တိုးသွားသလားလို့ scan ကြည့်ရအောင် …
pvscan
scan စစ်လိုက်တော့ /dev/sda3 က 10 GB free ဆို ပြီး ပေါ်လာတာကို တွေ ့ရမှာပါ ။
ပြီးရင် ကျွန်တော် တို ့ တစ်ကယ်တိုး မယ့် logical ရဲ့ root partition directory ကို စစ်ကြည့် ပြီး extend လုပ်ရအောင်။
lvdisplay
lv ကို extend လုပ်မယ် command ကတော့..
lvextend /dev/ubuntu-vg/root /dev/sda3
နောက်ဆုံး အဆင့်အနေနဲ ့ ext file system ကို “resize2fs” လုပ်ရအောင်။ RedHat/CentOS 7 တို ့လို XFS သုံးထားတယ် ဆိုရင်တော့ “xfs_growfs /dev/vg-name/root” နဲ ့ grow လုပ်လို ့ရပါတယ်။
resize2fs /dev/ubuntu-vg/root
“df -h” နဲ ့ root partition ရဲ ့ free space ကို စစ် ကြည့်ရအောင်…..
မှားတာရှိရင်လဲ ပြင်ပေးကြပါ ကျေးဇူးတင်ပါသည်။